来客网

မြစ်နှင့် ပင်လယ်ကို ချိတ်ဆက်ပြီး တရုတ်နှင့် အာဆီယံကို ဆက်သွယ်ပေးမယ့် Beibu ပင်လယ်ကွေ့ဆိပ်ကမ်း

声明:本文转载自 「缅甸金凤凰」, 或因排版与篇幅原因进行过编辑,内容未经本站独立核实,不代表本站立场、观点或建议。 如涉及版权问题,请联系我们,核实后立即删除。 [ 免责声明 ]


Pinglu တူးမြောင်းအပြည့်အဝလည်ပတ်ခါနီးအချိန်တွင် တရုတ်နိုင်ငံအနောက်ပိုင်းအပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်လမ်း ကုန်သွယ်ရေးစင်္ကြံသစ် (New International Land-Sea Trade Corridor) ၏ အဓိကတံခါးပေါက်ဖြစ်သော ကွမ်ရှီးပြည်နယ်ရှိ Beibu ပင်လယ်ကွေ့ဆိပ်ကမ်းသည် မြစ်-ပင်လယ် ဘက်စုံသယ်ယူပို့ဆောင်ရေးအတွက် အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ဆက်လက်အဆင့်မြှင့်တင်နေပါသည်။

ထို့အပြင် နယ်စပ်ဖြတ်ကျော်ထောက်ပံ့ပို့ဆောင်ရေး (Logistics) ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ မြစ်၊ ပင်လယ်နှင့် ရထားလမ်းများ ပေါင်းစပ်ပါဝင်သည့် ဘက်စုံသယ်ယူပို့ဆောင်ရေး ကွန်ရက်သစ်ကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်လျက် ရှိပါသည်။


Beibu ပင်လယ်ကွေ့ဆိပ်ကမ်းတွင် လက်ရှိ၌ လည်ပတ်နေသောဆိပ်ကမ်းတံတား ၉၃ ခုရှိပြီး တစ်နှစ်လျှင် ကုန်တန်ချိန် ၄၈၉ သန်းအထိ ကိုင်တွယ်နိုင်စွမ်းရှိကာ “ဆိပ်ကမ်းတစ်ခု၊ ဆိပ်ကမ်းနယ်မြေသုံးခု” ဟူသောပေါင်းစပ်ညှိနှိုင်းဖွံ့ဖြိုးတက်မှုပုံစံဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး Qinzhou ဆိပ်ကမ်းသည် ကွန်တိန်နာပင်မဆိပ်ကမ်းအဖြစ် လည်းကောင်း၊ Fangchenggang ဆိပ်ကမ်းသည် အဓိက ကုန်စည်ကြီးများ ပို့ဆောင်ဖြန့်ဖြူးရာ ဗဟိုချက်အဖြစ် လည်းကောင်း၊ Beihai ရှိ Tieshan ဆိပ်ကမ်းနယ်မြေသည် ဆိပ်ကမ်းပတ်ဝန်းကျင်ရှိ စက်မှုလုပ်ငန်းများကို ဝန်ဆောင်မှုပေးရန် လည်းကောင်းအသီးသီး အဓိက ထားဆောင်ရွက်နေပါသည်။


လက်ရှိတွင် Beibu ပင်လယ်ကွေ့ဆိပ်ကမ်းသည် ပြည်တွင်းနှင့် ပြည်ပ ကွန်တိန်နာ ရေကြောင်းလိုင်းပေါင်း ၁၀၃ လိုင်းကို ပြေးဆွဲလျက်ရှိပါသည်။ ပြည်တွင်း ရေကြောင်းလိုင်းများသည် တရုတ်နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း ဆိပ်ကမ်းများ အပါအဝင် Yangtze မြစ်ဝှမ်းနှင့် Pearl မြစ်ဝှမ်းရှိ အတွင်းပိုင်း ဆိပ်ကမ်းများနှင့် ချိတ်ဆက်ထားပြီး ပြည်ပ ရေကြောင်းလိုင်းများသည် အရှေ့တောင်အာရှ၊ အရှေ့မြောက်အာရှ၊ အိန္ဒိယ-ပါကစ္စတန်၊ အရှေ့အလယ်ပိုင်း၊ တောင်အာဖရိက၊ တောင်အမေရိကနှင့် အမေရိကန်အနောက်ဘက် ကမ်းရိုးတန်းတို့သို့ တိုက်ရိုက် ချိတ်ဆက်ပေးထားသည့်အပြင် ဟောင်ကောင်၊ Shenzhen နှင့် စင်ကာပူ စသည့် ဗဟိုဆိပ်ကမ်းများမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ချိတ်ဆက်ထားပါသည်။


Pinglu တူးမြောင်းနှင့် ထိရောက်စွာ ပေါင်းစည်းချိတ်ဆက်နိုင်ရန်နှင့် တူးမြောင်း၏ အနာဂတ် ကုန်စည်သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များကို ဆိပ်ကမ်း၏ ကုန်စည်ကိုင်တွယ်နိုင်စွမ်းဖြင့် ဖြည့်ဆည်းပေးနိုင်ရန်အတွက် Beibu ပင်လယ်ကွေ့ဆိပ်ကမ်းသည် Qinzhou ရှိ Jingu ဆိပ်ကမ်းနယ်မြေ၏ လုပ်ဆောင်ချက်များကို ကောင်းမွန်အောင် ပြုပြင်ပေးနေသည့်အပြင် Fangchenggang ရှိ Yuwan ဆိပ်ကမ်းနယ်မြေ၏ စတုတ္ထမြောက် လုပ်ငန်းနယ်မြေနှင့် Qinzhou ရှိ Dalangping တောင်ဘက် လုပ်ငန်းနယ်မြေ အပါအဝင် နေရာအများအပြား၌ မြစ်-ပင်လယ် ဘက်စုံသယ်ယူပို့ဆောင်ရေး ဆိပ်ကမ်းတံတားများ တည်ဆောက်ရေးကို မြှင့်တင်ဆောင်ရွက်လျက် ရှိပါသည်။

ထို့အပြင် ဆိပ်ကမ်းသည် door-to-door အစအဆုံး ဝန်ဆောင်မှုပေးသည့် သယ်ယူပို့ဆောင်ရေး ကွန်ရက်ကို ထူထောင်ကာ ရထား၊ ကုန်းလမ်းနှင့် ရေကြောင်း ပေါင်းစပ်ပါဝင်သည့် ဘက်စုံသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ပြီး ပေးအပ်လျက် ရှိပါသည်။


Pinglu တူးမြောင်း ဖွင့်လှစ်ပြီးနောက် ထွက်ပေါ်လာမည့် မြစ်-ပင်လယ် ဘက်စုံသယ်ယူပို့ဆောင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် Beibu ပင်လယ်ကွေ့ဆိပ်ကမ်းသည် ပင်လယ်ဘက်ရှိ ဆိပ်ကမ်းတံတားများကို စနစ်တကျ အဆင့်မြှင့်တင်နေပြီး အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါသည်။

Pinglu တူးမြောင်း အပြည့်အဝ လည်ပတ်မှု စတင်ရန် နီးကပ်လာသည်နှင့်အမျှ Beibu ပင်လယ်ကွေ့ဆိပ်ကမ်းသည် ကွမ်ရှီးရှိ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်လမ်း ကုန်သွယ်ရေးစင်္ကြံသစ် အတွက် စမတ် ရေကြောင်း ကွန်ရက် တည်ဆောက်ရေးကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်ပယ်အသီးသီးနှင့် လုပ်ငန်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုများကို မြှင့်တင်ကာ မြစ်၊ ရေလမ်းကြောင်းနှင့် ပင်လယ်ပြင်တို့အကြား ပိုမို ထိရောက် စနစ်ကျသည့် ပေါင်းစပ်လည်ပတ်မှုများကို ဖော်ဆောင်ပေးမည်ဖြစ်သလို တရုတ်နိုင်ငံနှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင် နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ကူးလူးဖလှယ်မှုများအတွက် မောင်းနှင်အားသစ်များ ဖြည့်ဆည်းပေးသွားမယ်လို့ သိရပါတယ်။




#Beibuပင်လယ်ကွေ့ဆိပ်ကမ်း #Pingluတူးမြောင်း #ကွမ်ရှီးလေ့လာရေးခရီးစဉ် #Guangxi #MFN #MyanmarFutureNews

Photo – CNS

MFN သတင်းများအားအောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN




评论 (0)