来客网

Pinglu တူးမြောင်းတွင် တရုတ်နှင့် နိုင်ငံတကာ လူငယ်များ တွေ့ဆုံပြီး တူးမြောင်းခေတ် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ဆ

声明:本文转载自 「缅甸金凤凰」, 或因排版与篇幅原因进行过编辑,内容未经本站独立核实,不代表本站立场、观点或建议。 如涉及版权问题,请联系我们,核实后立即删除。 [ 免责声明 ]

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးရုံးမှ ကြီးမှူးကျင်းပပြီး Guangxi Daily (Guangxi International Communication Center)၊ China News Service ကွမ်ရှီးဌာနခွဲ၊ Pinglu တူးမြောင်း အုပ်စု ကုမ္ပဏီ လီမိတက်၊ Beibu ပင်လယ်ကွေ့ဆိပ်ကမ်း အုပ်စုနှင့် ချင်ကျိုးမြို့ (Qinzhou) ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးရုံးတို့ ပူးပေါင်းစီစဉ်သည့် “ကမ္ဘာနှင့် တွေ့ဆုံဆွေးနွေးခြင်း - တူးမြောင်းခေတ် အခွင့်အလမ်းများအပေါ် တရုတ်နှင့် နိုင်ငံတကာလူငယ်များ၏ အမြင်” (Dialogue with the World—Chinese and Foreign Youth on Opportunities in the Canal Era) ဆွေးနွေးပွဲကို စက်တင်ဘာ ၄ ရက်နေ့က ချင်ကျိုးမြို့ရှိ Pinglu တူးမြောင်း တည်ဆောက်ရေး ကွပ်ကဲမှုဌာန၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံအသီးသီးမှ မီဒီယာကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် လူငယ်များသည် Pinglu တူးမြောင်းတွင် ဆုံစည်းကာ စီမံကိန်းတည်ဆောက်ရေး၊ ဒေသတွင်း ချိတ်ဆက်မှု၊ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေး စသည့် ခေါင်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကာ တူးမြောင်းခေတ်၏ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များကို အတူတကွ ဆွေးနွေးခဲ့ကြပါတယ်။

အရှည် ၁၃၄ ဒသမ ၂ ကီလိုမီတာရှည်သော Pinglu တူးမြောင်းဟာ Xijiang မြစ်နှင့် Beibu ပင်လယ်ကွေ့တို့ကို ချိတ်ဆက်ပေးထားပြီး အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်လမ်း ကုန်သွယ်ရေးစင်္ကြံသစ် (New International Land-Sea Trade Corridor) ၏ အဓိကကျသော စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲတွင် Pinglu တူးမြောင်း အုပ်စုမှ တာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မိတ်ဆက် ရှင်းလင်းခဲ့ကာ ထိုဆွေးနွေးပွဲမတိုင်မီကလည်း တရုတ်နှင့် နိုင်ငံတကာမှ ဧည့်သည်တော်များသည် Pinglu တူးမြောင်း တစ်လျှောက်ရှိ အဓိက တည်ဆောက်ရေး လုပ်ငန်းခွင်များသို့ သွားရောက်လေ့လာခဲ့ကြပြီးဖြစ်သည့်အတွက် အခမ်းအနားတက်ရောက်လာသူများသည် နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများ၊ စမတ် စီမံခန့်ခွဲမှုစနစ်များ၊ Pinglu တူးမြောင်း တည်ဆောက်ရေးသည် ကွမ်ရှီး၏ တံခါးဖွင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းကို မြှင့်တင်ပေးရာတွင် အရေးပါပုံနှင့် ကုန်သွယ်ရေးစင်္ကြံတွင် အထောက်အပံ့ဖြစ်မှုတို့ကို ပိုမိုနားလည်သဘောပေါက်ခဲ့ကြပါတယ်။

လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံမျှဝေခြင်း အစီအစဉ်၌ တရုတ်နှင့် ပြည်ပမှ လူငယ်သုံးဦးသည် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် ကွင်းဆင်းလေ့လာမှုများကို အခြေခံ၍ Pinglu တူးမြောင်းနှင့် ပတ်သက်သော လေ့လာတွေ့ရှိချက်များ၊ အတွေးအမြင်များနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို မျှဝေခဲ့ကြပါသည်။

ထို့အပြင် “တူးမြောင်းခေတ်၏ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ — တူးမြောင်းတစ်ခုက တရုတ်နှင့် အာဆီယံကို မည်သို့ချိတ်ဆက်ပေးသနည်း” ဟူသော စားပွဲဝိုင်းဆွေးနွေးပွဲတွင် ဆိပ်ကမ်း၊ သင်္ဘောသယ်ယူပို့ဆောင်ရေး၊ ဒေသတွင်းစီးပွားရေးနှင့် နိုင်ငံတကာဆက်သွယ်ရေး ကဏ္ဍများမှ တက်ရောက်လာသူများသည် Pinglu တူးမြောင်းနှင့် ဒေသတွင်းချိတ်ဆက်မှု အခင်းအကျင်းသစ်နှင့် အပြောင်းအလဲဆိုင်ရာများ၊ တူးမြောင်းခေတ်တွင် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေးနှင့် လူငယ်များ၏ တာဝန်ယူမှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါတယ်။

၎င်းတို့သည် Pinglu တူးမြောင်းအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များကို မည်သို့ လျှော့ချပေးပြီး ထိရောက်မှုကို မြှင့်တင်ပေးနိုင်ပုံ၊ စက်မှုဇုန် ဖွဲ့စည်းပုံများကို ကောင်းမွန်အောင် ပြုပြင်ပြီး တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပုံ၊ လူငယ်များအနေဖြင့် တူးမြောင်း၏ အကြောင်းအရာများကို မည်သို့ ပြန်လည်မျှဝေပြီး ဒေသတွင်း ကူးလူးဖလှယ်မှုများတွင် မည်သို့ ပါဝင်ဆောင်ရွက်နိုင်ပုံတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနားအတွင်း တရုတ်နှင့် နိုင်ငံတကာ လူငယ်ကိုယ်စားလှယ်များသည် "တူးမြောင်းဆိုင်ရာ တရုတ်-အာဆီယံ ပင်မမီဒီယာများ၏ နိုင်ငံတကာသတင်းဖော်ပြမှု အဆိုပြုချက်" (Initiative on China-ASEAN Mainstream Media International Coverage of the Canal) ကို ပူးတွဲထုတ်ပြန်ခဲ့ပြီး လူငယ်ချင်း ကူးလူးဆက်ဆံမှုများ အားကောင်းစေရန်၊ တူးမြောင်းအခြေပြု ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ ဒေသတွင်း ဆက်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ မျှဝေတင်ဆက်သွားရန် တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးတွင် အချို့သော အာဆီယံမီဒီယာများသည် Guilin မြို့ Xing'an ရှိ Lingqu တူးမြောင်း စသည့် နေရာများသို့ သွားရောက်ကာ ရှေးခေတ်က တည်‌ဆောက်ခဲ့သည့် Lingqu တူးမြောင်းမှသည် ယနေ့ခေတ်တွင် တည်ဆောက်သည့် Pinglu တူးမြောင်းအထိ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လေ့လာခဲ့ကြပြီး တရုတ်နိုင်ငံ၏ ရေကြောင်းစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်ကို ဆန်းသစ်တီထွင် ပြောင်းလဲခြင်းနှင့် ဖန်တီးမှုရှိစွာ ဖွံ့ဖြိုးတိုးတက်စေခြင်းတို့၏ အနှစ်သာရကို ပိုမိုနက်ရှိုင်းစွာ နားလည်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo – CNS

#PingluCanal #youthexchangeevent #Qinzhou #MediaTour #Guangxi #MFN #MyanmarFutureNews

MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN

评论 (0)