来客网

Pinglu တူးမြောင်း စတင်ဖွင့်လှစ်ပြီး သင်္ဘောများ သွားလာပြေးဆွဲ

声明:本文转载自 「缅甸金凤凰」, 或因排版与篇幅原因进行过编辑,内容未经本站独立核实,不代表本站立场、观点或建议。 如涉及版权问题,请联系我们,核实后立即删除。 [ 免责声明 ]

ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်သော မြစ်-ပင်လယ် တိုက်ရိုက် ချိတ်ဆက်ပေးသည့် Pinglu တူးမြောင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်္ဘောများ သွားလာပြေးဆွဲခဲ့ပါတယ်။

Pinglu တူးမြောင်း ရေကြောင်းဖွင့်လှစ်သည့် အခမ်းအနားကို ကွမ်ရှီးပြည်နယ် Qinzhou မြို့ရှိ Pinglu တူးမြောင်း Madao Hub တွင် ကျင်းပခဲ့ပြီး Nanning ဆိပ်ကမ်း၊ Qinzhou ဆိပ်ကမ်း၊ Xinfu ရေကြောင်း ဘက်စုံဝန်ဆောင်မှုဇုန်နှင့် Qinzhou ရေကြောင်း ဘက်စုံဝန်ဆောင်မှုဇုန်စသည့် ချိတ်ဆက်အခမ်းအနား နေရာ ၄ ခုတွင်လည်း ကျင်းပခဲ့ပါတယ်။


ဒါ့အပြင် "Nanning–Can Tho, Vietnam" နိုင်ငံတကာ ကုန်သွယ်ရေး ရေကြောင်းလမ်းနှင့် "Nanning–Yangpu, Hainan" ပြည်တွင်း ကုန်သွယ်ရေး ရေကြောင်းလမ်းတို့သည်လည်း နှစ်ဖက်အပြန်အလှန် စတင်ပြေးဆွဲ ခဲ့ကြပြီး သကြား၊ ဆောက်လုပ်ရေးပစ္စည်း၊ သတ္တုရိုင်း၊ စတီးလ် စသည့် ကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားသည့် ကုန်တင်သင်္ဘော ၁၄ စီးသည် ရေထိန်းတံခါးများကို ချောမွေ့စွာ ဖြတ်သန်း၍ ပထမဆုံးအကြိမ် ပင်လယ်သို့ ထွက်ခွာနိုင်ခဲ့ကြသလို ကျောက်မီးသွေး၊ သံသတ္တုရိုင်း၊ အလူမီနီယမ်သတ္တုရိုင်း၊ ဓာတ်မြေဩဇာနှင့် ထုံးကျောက် စသည့် ကုန်ပစ္စည်းများ တင်ဆောင်ထားသော သင်္ဘော ၁၆ စီးသည်လည်း Xijiang  မြစ်ဝှမ်းသို့ စနစ်တကျ ဝင်ရောက်ခဲ့ကြပြီး ရေကြောင်း ခရီးသည်တင် လမ်းကြောင်း ၄ ခုကိုလည်း တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါ တူးမြောင်းဟာ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်လမ်း ကုန်သွယ်ရေးစင်္ကြံသစ် (New International Land-Sea Trade Corridor) ၏ ပင်မစီမံကိန်းကြီး တစ်ခုလည်းဖြစ်ပြီး ရှီးကျန်းမြစ်စနစ် (Xijiang River system) နှင့် ချင်းကျန်းမြစ်စနစ် (Qinjiang River system) တို့ကို ချိတ်ဆက်၍ Beibu ပင်လယ်ကွေ့သို့ တိုက်ရိုက် စီးဝင်သည့် ပင်လယ်ထွက် အဓိက ရေကြောင်းလမ်းမကြီးဖြစ်ပါတယ်။


Pinglu တူးမြောင်းဟာ ကွမ်ရှီးနှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဒေသများမှ အာဆီယံဒေသသို့ သွားရောက်နိုင်မည့် အတိုဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံးနှင့် အဆင်ပြေဆုံး ရေလမ်းကြောင်းကို တိုက်ရိုက်ဖန်တီးပေးနိုင်ပြီး ကွမ်ကျိုးဆိပ်ကမ်းမှတစ်ဆင့် ပို့ဆောင်သည့် ရေကြောင်းလမ်းနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းရေလမ်းအကွာအဝေးကို ကီလိုမီတာ ၅၆၀ ခန့် လျှော့ချပေးနိုင်သည့်အပြင် စုစုပေါင်းကုန်စည်ပို့ဆောင်ရေးစရိတ်၏ ၂၀ ရာခိုင်နှုန်းခန့်ကို သက်သာစေပါတယ်။


Pinglu တူးမြောင်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ် ၇၂ ဒသမ ၇ ဘီလီယံခန့် ဖြစ်ကာ စုစုပေါင်း အလျား ၁၃၄ ဒသမ ၂ ကီလိုမီတာ ရှည်လျားပါတယ်။

Photo & Video – CNS

#Pingluတူးမြောင်း #Opening #Beibuပင်လယ်ကွေ့ #ကွမ်ရှီး #NewInternationalLandSeaTradeCorridor #Guangxi #MFN #MyanmarFutureNews

MFN သတင်းများအား အောက်ပါ Link များတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN


评论 (0)