来客网

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ Nan A လူမှုအသိုက်အဝန်းပြခန်းတွင် ဉာဏ်ရည်တု (AI) လုပ်ငန်းပေါင်း ၁၃၀ ကျော်ကို စုစည်းပြသထား၊ အာဆ

声明:本文转载自 「缅甸金凤凰」, 或因排版与篇幅原因进行过编辑,内容未经本站独立核实,不代表本站立场、观点或建议。 如涉及版权问题,请联系我们,核实后立即删除。 [ 免责声明 ]


(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) ၏ နန်အေလူမှုအသိုက်အဝန်းပြခန်း (Nan A Community exhibition area) ကို CAEXPO ဖွင့်ပွဲနေ့ဖြစ်သည့်စက်တင်ဘာ ၁၇ ရက်တွင် တရားဝင်စတင်ဖွင့်လှစ်ခဲ့ပြီး ဝူရှန်းဧရိယာသစ်၏Nan A စင်တာရှိ AI လုပ်ငန်းဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအခြေစိုက်စခန်း(AI Enterprise R&D Base) တွင် ခင်းကျင်းပြသထားပါတယ်။

ယင်းပြခန်းဟာ“အာဆီယံတွင် လက်တွေ့အသုံးချနိုင်မည့် အခြေအနေများ ဖော်ဆောင်ရေး”ကို အဓိက ဦးတည်ထားပြီး လက်တွေ့အသုံးချနိုင်၊ ကူးယူဖော်ပြနိုင်၊ တိုးချဲ့ဆောင်ရွက်နိုင်သော AI ကဏ္ဍဆိုင်ရာဖြေရှင်းချက်များနှင့် နောက်ဆုံးပေါ်ထုတ်ကုန်များကို ပြသရန်အတွက် ဉာဏ်ရည်တု (AI) လုပ်ငန်းပေါင်း ၁၃၀ ကျော်ကို စုစည်းထားတယ်လို့ သိရပါတယ်။


စုစုပေါင်း စတုရန်းမီတာ ၁၀,၀၀၀ ခန့်ကျယ်ဝန်းသော အဆိုပါ ပြပွဲဧရိယာကို“1 + N”ပုံစံဖြင့် ဖွဲ့စည်းထားကာ အဆောက်အအုံ(၁)သည် တရုတ်-အာဆီယံ AI  လက်တွေ့အသုံးချမှုဆိုင်ရာ ဘက်စုံပြခန်းဖြစ်ပြီး တရုတ်နှင့် အာဆီယံနိုင်ငံများကြား AI ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများနှင့် စံပြနမူနာများကို အဓိက ထားပြသထားပါတယ်။

ကျန်ရှိသော အဆောက်အအုံများကိုမူ AI+ ရိုဘော့စမတ်စနစ် (AI + Embodied Intelligence)၊ AI + ကုန်ထုတ်လုပ်မှု၊ AI + ကျန်းမာရေးစောင့်ရှောက်မှု၊ AI + ပညာရေး၊ AI + စိုက်ပျိုးရေးနှင့် AI + ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍအလိုက်ပြခန်းမ ၁၁ ခုအဖြစ် ခွဲခြားထားပြီး ပြပွဲတွင် Unitree  Robotics၊ Huawei၊ Sugon၊ iFlytek၊ Bangsheng Beidou နှင့် Runjian အပါအဝင် ကုမ္ပဏီပေါင်း ၁၃၀ ကျော် ပါဝင်ပြသထားပါတယ်။


ပြပွဲအတွင်း အလယ်တန်းကျောင်းသားများ၏ စက်ရုပ်ဘောလုံးပြိုင်ပွဲကိုလည်း ကျင်းပခဲ့ရာ လူအများအပြား စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြပြီး၊ ကျောင်းသားအသင်း ၁၀ သင်းက စက်ရုပ်များကို အလိုအလျောက်စနစ်ဖြင့် ၃ ယောက်တစ်တွဲ ကွင်းအသေးစားပေါ်တွင် ထိန်းချုပ်ကစားပြခဲ့ကြကာ ယင်းက ပြပွဲဧရိယာ၏“ပြသခြင်း၊ ဖျော်ဖြေခြင်းနှင့် ပြိုင်ပွဲကျင်းပခြင်း”ပေါင်းစပ်ထားသောလှုပ်ရှားမှုပုံစံကို တိုက်ရိုက်ပေါ်လွင်စေခဲ့ပါတယ်။

ပြပွဲရှိ အချက်အလက်များအရ တရုတ်-အာဆီယံနိုင်ငံများ ဉာဏ်ရည်တု (AI) လက်တွေ့အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေကို မကြာမီ တည်ထောင်တော့မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများကို စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိမ်လည်မှုတိုက်ဖျက်ရေး စသည့် နယ်ပယ်အသီးသီးသို့ တိုးချဲ့သွားမှာ ဖြစ်သလို တစ်ချိန်တည်းမှာပင် ကွမ်ရှီး (Guangxi) ဒေသသည် ပြည်နယ်အဆင့် စမတ်စက်ရုံများနှင့် ဒစ်ဂျစ်တယ် အလုပ်ရုံများကို တည်ဆောက်မည်ဖြစ်ပြီး၊ အရည်အသွေးမြင့် ဒေတာစုဆောင်းမှုများနှင့် အာဆီယံဘာသာစကားဒေတာဘဏ်များကို ဖန်တီးကာ ဒေတာပညာရေး ပလပ်ဖောင်းတစ်ခုကိုလည်း အတူတကွ တည်ဆောက်သွားမယ်လို့ သိရပါတယ်။


ဤသည်မှ ာတရုတ်စီးပွားရေးလုပ်ငန်းများ အာဆီယံသို့ ခြေလှမ်းလှမ်းနိုင်မည့်"ထွက်ပေါက်"နှင့် အာဆီယံနိုင်ငံများ AI ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်မည့်"ပထမဆုံးစခန်း"ဖြစ်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် အာဆီယံဒေသတွင် AI စိုက်ပျိုးရေးဝန်ဆောင်မှုပေးခြင်းသည် တိုင်းတာ၍ရသော ရလဒ်ကောင်းများ ထွက်ပေါ်နေပြီဖြစ်ကာ လက်ရှိတွင် အာဆီယံနိုင်ငံများ၌ စီမံကိန်း ၃၀ အကောင်အထည်ဖော်ထားပြီး လာအိုနိုင်ငံ Oudomxay နှင့် Xayaboury ရှိ ငှက်ပျောစိုက်ပျိုးရေးစခန်းများတွင် လုပ်ငန်းခွင်လုပ်အားခ ၂၀ ရာခိုင်နှုန်း သက်သာစေခဲ့ပါတယ်။


ထို့အတူ မလေးရှားနိုင်ငံရှိ ဒူးရင်းနှင့် သင်္ဘောသီးစိုက်ပျိုးရေးခြံများတွင် ရေနှင့်မြေဩဇာသုံးစွဲမှုကို ၂၅ ရာခိုင်နှုန်းကျော် သက်သာစေခဲ့ပြီး အထွက်နှုန်းကို ၃၀ရာခိုင်နှုန်းအထိ တိုးတက်စေခဲ့ပါတယ်။အဆိုပါ ဝန်ဆောင်မှုတွင် အသံဖြင့် အပြန်အလှန်တုံ့ပြန်နိုင်သောစနစ် (Voice Interaction) ပါဝင်ပြီး လတ္တီတွဒ်၊ လောင်ဂျီတွဒ်အလိုက် မိုးလေဝသခန့်မှန်းချက်များနှင့် မိနစ်ပိုင်းအလိုက် မိုးရွာသွန်းမှုတွက်ချက်ချက်များကို ပေါင်းစပ်ပေးထားခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်သူများ ရာသီဥတုပြောင်းလဲမှုကို တိကျစွာရင်ဆိုင်နိုင်ရန် ကူညီပေးတယ်လို့ ဆိုပါတယ်။

ယင်းအပြင် သီးနှံခွဲခြားခြင်းနှင့် ရောဂါရှာဖွေခြင်းကဏ္ဍတွင်လည်း စိုက်ပျိုးသီးနှံများကို ဓာတ်ပုံရိုက်ရုံဖြင့် သီးနှံအမျိုးအစား၊ကြီးထွားမှုအဆင့်နှင့် ပိုးမွှားရောဂါများကို စက္ကန့်ပိုင်းအတွင်း သိရှိနိုင်ပြီးတိကျသော စိုက်ပျိုးထုတ်လုပ်မှုကို လမ်းညွှန်ပေးနိုင်မည့် ကျွမ်းကျင်ပညာရှင်များ၏ ခွဲခြမ်းစိတ်ဖြာချက်နှင့် အကြံပြုချက်များကိုပါ ပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။


တရုတ်-အာဆီယံဉာဏ်ရည်တု (AI) လက်တွေ့အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာသည် ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့အထိ လွှမ်းခြုံထားပြီဖြစ်ပြီး လက်ရှိတွင် အာဆီယံနိုင်ငံတကာကျောင်းသား ၈၀၀ ကျော် ရှိနေပြီး၊ အာဆီယံဒေသအတွက် ရည်ရွယ်သည့် ရေတိုသင်တန်းနှင့် အပြန်အလှန်ဖလှယ်ရေးအဖွဲ့ပေါင်း ၃၀ ကျော်၊ စုစုပေါင်းလူဦးရေ ၁,၀၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းအကြောင်းအရာများတွင် AI စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်တွေ့အသုံးချမှု၊ AI + ပညာရေး၊ စမတ်ကုန်ထုတ်လုပ်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စသည့် ကဏ္ဍများ ပါဝင်သလို သင်ကြားမှုပုံစံများအနေဖြင့် စာသင်ခန်းတွင်း ပို့ချချက်များ၊ ကွင်းဆင်းသင်ကြားမှုများ၊ ကုမ္ပဏီများသို့ သွားရောက်လေ့လာခြင်း၊ အမြင်ချင်းဖလှယ်ဆွေးနွေးပွဲများနှင့် သင်တန်းဆင်းတုံ့ပြန်ချက်ရယူခြင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။


အဓိက သင်တန်းစီမံကိန်းများတွင် လာအိုနိုင်ငံ၏ AI ဖွံ့ဖြိုးတိုးတက်မှု စွမ်းဆောင်ရည် အရှိန်အဟုန်မြှင့်တင်ရေးဆွေးနွေးပွဲ၊ ဗီယက်နမ်ဝန်ကြီးဌာနအဆင့်အရာရှိများ၏ AI သင်တန်း၊ ၂၀၂၅ မလေးရှားအဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများ ကွင်းဆင်းလေ့လာရေးသင်တန်း၊ ၂၀၂၅ ချင်းမိုင်နှင့် ကွေ့လင်အီလက်ထရွန်နစ်နည်းပညာတက္ကသိုလ် တရုတ်ဘာသာစကားသင်တန်းနှင့် ဗီယက်နမ်နိုင်ငံ ဟိုင်ဖုံမြို့"AI + ပညာရေး"အထူးသင်တန်းတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

တရုတ်နှင့် အာဆီယံကြား မိုးလေဝသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် ဆက်လက်နက်ရှိုင်းလာလျက်ရှိပြီး မိုးလေဝသ စမတ် ကြိုတင်သတိပေးစနစ်" Mazu "ကို နိုင်ငံ ၇ နိုင်ငံတွင် ဒေသအလိုက်တပ်ဆင်အသုံးပြုပြီးစီးခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၄၀ ကျော်တွင် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။


၂၀၂၆ ကမ္ဘာ့ဉာဏ်ရည်တု ညီလာခံ (World Artificial Intelligence Conference)တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က လာမည့် ၅ နှစ်အတွင်း တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် AI ဆိုင်ရာ အထူးဆွေးနွေးပွဲသင်တန်းနေရာပေါင်း ၅,၀၀၀ ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အာဆီယံ၊ အာရပ်အဖွဲ့ချုပ်၊ အာဖရိကသမဂ္ဂ၊ CELAC၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)နှင့် BRICS နိုင်ငံများအတွက် အပြည်ပြည်ဆိုင်ရာ AI လက်တွေ့အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာများကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး မိုးလေဝသ စမတ် ကြိုတင်သတိပေးစနစ်" Mazu " ကိုနိုင်ငံပေါင်း ၃၀ တွင် လက်တွေ့အသုံးချနိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယခု ပြပွဲပစ္စည်းများကို လာရောက်ကြည့်ရှုခြင်းမှသည် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခြင်းအထိ Nan A လူမှုအသိုက်အဝန်းပြခန်းသည် AI နည်းပညာများနှင့် ထုတ်ကုန်အမြောက်အမြားကို နန်နင်းမြို့အား ခြေကုပ်ယူ၍ အာဆီယံဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်ရန် တွန်းအားပေးလျက်ရှိတယ်လို့ သိရပါတယ်။

#CAEXPO#တရုတ်နှင့်ပြည်ပမီဒီယာသတင်းထောက်များအဖွဲ့#၂၃ကြိမ်မြောက်တရုတ်_အာဆီယံကုန်စည်ပြပွဲ#နန်အေလူမှုအသိုက်အဝန်းပြခန်း#NanACommunityExhibitionArea#တရုတ်#နန်နင်းမြို့#MFN#MyanmarFutureNews

Photos-MFN

MFNသတင်းများအားအောက်ပါLinkများတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Tiktok-https://www.tiktok.com/@myanmarfuturenews

Telegram–https://t.me/myanmarfuturenews

YouTube-https://www.youtube.com/@MyanmarFutureNews-MFN

评论 (0)