来客网

(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်း

声明:本文转载自 「缅甸金凤凰」, 或因排版与篇幅原因进行过编辑,内容未经本站独立核实,不代表本站立场、观点或建议。 如涉及版权问题,请联系我们,核实后立即删除。 [ 免责声明 ]

(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) ကို စက်တင်ဘာ ၁၇ ရက်တွင် နန်နင်းမြို့၌ ကျင်းပ သွားမယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဉ်နဲ့ ပတ်သက်လို့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများက စက်တင်ဘာ ၁ ရက်က ပြည်ပမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့ပြီး ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော “အခွင့်အလမ်း ၃.၀ ကို မျှဝေခံစားပြီး ပိုမိုကောင်းမွန်သော လူနေမှုဘဝကို အတူတကွ တည်ဆောက်စို့” (Sharing 3.0 Opportunities, Creating a Better Life Together) ဟူသော ဆောင်ပုဒ်သည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ ၃.၀ (China-ASEAN FTA 3.0) တည်ဆောက်ရေးက ဖော်ဆောင်ပေးသည့် အရေးကြီးသော အခွင့်အလမ်းကို စီးပွားရေးလုပ်ငန်းများ ဖမ်းဆုပ်နိုင်စေရန် ရည်ရွယ်ကြောင်းလည်း သိရပါတယ်။

ထို့အပြင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာမှု၏ နောက်ဆုံး ရလဒ်များနှင့် ရှေ့ဆက်သွားမည့် ဦးတည်ချက်များကို အပြည့်အဝ ပြသရန်နှင့် ပိုမို ကြီးမားခိုင်မာသော ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

“၂၀၂၆ ခုနှစ် ပြည်ပမီဒီယာများ၏ ကွမ်ရှီးလေ့လာရေးခရီးစဉ်” တွင် ပါဝင်ကြသည့် မီဒီယာကိုယ်စားလှယ်များနှင့် နိုင်ငံတကာ Influencer များ စက်တင်ဘာ ၁ ရက်က နန်နင်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲဗဟိုဌာနရှိ CAEXPO နှင့် CABIS တို့၏ အမြဲတမ်းပြခန်းသို့ သွားရောက်လေ့လာခဲ့ကြပါတယ်။

CAEXPO အတွင်းရေးမှူးရုံး ပြင်ပဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး Huang Xin က ယခုနှစ်ဟာ တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး (၅) နှစ်မြောက် နှစ်ပတ်လည် ဖြစ်ကာ တရုတ်-အာဆီယံ FTA 3.0 ကိုလည်း မကြာမီ စတင်အကောင်အထည်ဖော်တော့မှာဖြစ်ပြီး CAEXPO ၏ အထင်ရှားဆုံးသော ထူးခြားချက်မှာ အာဆီယံနှင့် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အစီအစဉ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အခမ်းအနားများကို အာဆီယံအစိုးရ အာဏာပိုင်များကိုယ်တိုင် တိုက်ရိုက်ဦးစီးကျင်းပမှု အရေအတွက် တိုးလာခြင်းကြောင့် ပူးပေါင်းဆောင်ရွက်မှုအဆင့်အတန်းမှာလည်း မြင့်တက်လာခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ ၏ စိတ်အားထက်သန်မှု မြင့်တက်လာခြင်းသာမက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RCEP) ၏ အကျိုးကျေးဇူးများနှင့် တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော ဈေးကွက်ဆွဲဆောင်မှု တို့ကြောင့် CAEXPO ၏ ဈေးကွက်ဆွဲဆောင်နိုင်စွမ်း ပိုမို ကြီးထွား လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ် အာဆီယံပြခန်းဧရိယာ၏ အဓိကထူးခြားချက်မှာ အဆင့်မြင့်နည်းပညာနှင့် ခေတ်ရှေ့ပြေး ထုတ်ကုန်များကို စုစည်းပြသထားခြင်း ဖြစ်ပြီး ဒူးရင်းသီး၊ ကော်ဖီနှင့် သစ်သားနီ (Rosewood) ကဲ့သို့သော လူကြိုက်များသည့် အာဆီယံဒေသထွက်ကုန်များကို ဆက်လက်ပြသသွားမည်ဖြစ်ရာ ကုန်ပစ္စည်းအမယ်စုံလင်မှုမှာ ရိုးရာလူသုံးကုန်ပစ္စည်းများမှ သည် အဆင့်မြင့်နည်းပညာကဏ္ဍများအထိ တိုးချဲ့လာခဲ့သလို နိုင်ငံအများအပြားက ဉာဏ်ရည်တု (AI)၊ အစိမ်းရောင်နှင့် ကာဗွန်နည်းပါးသော နည်းပညာများနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စသည့်ကဏ္ဍများမှ ၎င်းတို့၏ နောက်ဆုံးရအောင်မြင်မှုများကို ပြသ သွားကြမယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၂၂ နှစ်တိုင်တိုင် စုဆောင်းရရှိခဲ့သော အတွေ့အကြုံများနှင့်အတူ CAEXPO သည် ပါဝင်ဆင်နွှဲသည့် ကုမ္ပဏီပေါင်း ၅၀,၀၀၀ နီးပါး နှင့် ဝယ်ယူသူ ၁ ဒသမ ၅ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့သလို ယခုနှစ် CAEXPO တွင် ပြခန်းပေါင်း ၃,၀၀၀ ကျော်နှင့် ဝယ်ယူသူ ၃၀,၀၀၀ ကျော်ကို လက်ခံကျင်းပသွားရန် မျှော်မှန်းထားပြီး ပြသကြမည့် လုပ်ငန်းများ အနက် China Datang Corporation ၊ Bank of China နှင့် အင်ဒိုနီးရှားနိုင်ငံ၏ Pertamina ကဲ့သို့သော Fortune Global 500 ကုမ္ပဏီကြီးများ ပါဝင်မယ်လို့ အတည်ပြုထားပြီး ယင်းကဲ့သို့သော ကုမ္ပဏီကြီးများ ပါဝင်မှုအရေအတွက်သည် ယခင်အကြိမ်ထက် ၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းအပြင် DJI နှင့် Maiyue Technology အပါအဝင် လျင်မြန်စွာတိုးတက်နေသော Gazelle ကုမ္ပဏီများ၊ Unicorn ကုမ္ပဏီများ၊ အဆင့်မြင့်နည်းပညာသုံး "Little Giant" လုပ်ငန်းငယ်များနှင့် နိုင်ငံအဆင့် ကုန်ထုတ်လုပ်မှုထိပ်သီးလုပ်ငန်း ပေါင်း ၇၀ ကျော်လည်း ပါဝင်ပြသသွားမည်ဖြစ်သဖြင့် အဆင့်မြင့်ဆန်းသစ်တီထွင်မှု အရင်းအမြစ်များအတွက် CAEXPO ပလက်ဖောင်း၏ ဆွဲဆောင်နိုင်စွမ်းကို ပိုမိုပေါ်လွင်စေမယ်လို့ သိရပါတယ်။

ထို့အတူ (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) သည် တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကပလက်ဖောင်းတစ်ခုဖြစ်သည့်အလျောက် စီးပွားရေး အသိုက်အဝန်းကြား ဘုံသဘောတူညီချက်များ တည်ဆောက်ရန်နှင့် လက်တွေ့ကျသော ရလဒ်များစွာကို လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေး စသည့်ကဏ္ဍများကို အဓိကထား အာရုံစိုက်သွားမယ်လို့ China Council for the Promotion of International Trade (CCPIT) Guangxi Sub-council မှ တာဝန်ရှိသူ Deng Mengbiao က ပြောကြားခဲ့ပါတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးတွင် အာဆီယံလုပ်ငန်းရှင်များအတွက် သီးသန့်ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်ပေးခြင်းဆိုင်ရာ ညီလာခံ (Matchmaking Conference) ကို ပထမဆုံးအကြိမ် အဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ၎င်းတွင် အဆင့်မြင့်ကုန်ထုတ်လုပ်မှုနှင့် ဉာဏ်ရည်တု (AI) ကဏ္ဍ၊ ကျန်းမာရေးနှင့် ဇီဝဆေးဝါးကဏ္ဍနှင့် အစိမ်းရောင်စိုက်ပျိုးရေးကဏ္ဍ ဟူ၍ သီးသန့်ဆွေးနွေးပွဲများ ပါဝင်မယ်လို့ သိရပါတယ်။

ထိုသို့ ထိပ်သီးအစည်းအဝေး ကျင်းပ ပြုလုပ်ခြင်းမှ ဒေသတွင်း ထိုးဖောက်မှုနှင့် လွှမ်းမိုးနိုင်မှု အတိုင်းအတာကို စဉ်ဆက်မပြတ် တိုးချဲ့ကာ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ (FTA 3.0) တည်ဆောက်ရေး အတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မောင်းနှင်အား အသစ်များကို ဖြည့်ဆည်းပေးလျက် ရှိတယ်လို့လည်း သိရပါတယ်။

ယခုနှစ် CABIS အစည်းအဝေးသည် “AI + ထိပ်သီးအစည်းအဝေး” ပုံစံကို နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်သွားမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု၊ စမတ်လူနေမှုဘဝ၊ စမတ်စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုန်သွယ်ရေးဥပဒေ စသည့်ကဏ္ဍများတွင် ဉာဏ်ရည်တု(AI) အသုံးချမှုကို အဓိကထား အာရုံစိုက်သွားမှာဖြစ်ကာ နည်းပညာဖလှယ်မှုများ၊ လုပ်ငန်းခွင် အခြေအနေအလိုက် ချိတ်ဆက်ပေးမှုများနှင့် ရလဒ်များမြှင့်တင်ခြင်း အပါအဝင် အထူးပြုပြီး စနစ်ကျသော AI ဆိုင်ရာ နောက်ဆက်တွဲ အစီအစဉ်များကို ကျင်းပရန်အတွက် ကဏ္ဍစုံမှ သက်ဆိုင်သူများကို စုစည်းပေးမယ်လို့လည်း သိရပါတယ်။

ထို့ပြင် တရုတ်နိုင်ငံ၏ ပထမဆုံး မြစ်-ပင်လယ် တိုက်ရိုက် ချိတ်ဆက်ပေးသည့် “Pinglu တူးမြောင်း” စီမံကိန်းက စမတ်ရေကြောင်းပို့ဆောင်ရေးကဲ့သို့သော AI စွမ်းရည်မြှင့် နယ်စပ် ဖြတ်ကျော် စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထူးခြားသည့် သာဓကများကို ဖော်ပြ ထားပြီး၊ AI နည်းပညာများ ကို ဒေသတွင်း ဖြန့်ကြက်အသုံးချမှုကို မြှင့်တင်ပေးမည့် “Smart Chain Connecting Land and Sea: A Casebook of China-ASEAN International AI Cooperation (2026)” ဟု အမည်ရသည့် ဖြစ်ရပ်မှန်လေ့လာမှု စာအုပ်ကိုလည်း ထုတ်ဝေ သွားမယ်လို့ သိရပါတယ်။

ယခုနှစ် CABIS ထိပ်သီးအစည်းအဝေးဟာ ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီး (Guangdong-Hong Kong-Macao Greater Bay Area)၊ ကွမ်ရှီးဒေသနှင့် အာဆီယံတို့ကို ချိတ်ဆက်ပေးမည့် သုံးပွင့်ဆိုင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ပုံစံတစ်ရပ် ထူထောင်ခြင်းကို ဆန်းသစ်သောနည်းလမ်းဖြင့် မြှင့်တင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ထို့ပြင် နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာ တရားဥပဒေပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက် အမြောက်အမြားကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ လက်တွေ့ကျသော လမ်းညွှန်ချက်များကိုလည်း ထုတ်ပြန် သွားမယ်လို့ သိရပါတယ်။

#ကွမ်ရှီးလေ့လာရေးခရီးစဉ် #Guangxi #CAEXPO #CABIS #MFN #MyanmarFutureNews

Photo – CNS

MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN

评论 (0)